နောင်တရား စက်တင်ဘာ ၁၇
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ရုံးဝန်ထမ်းများအချင်းချင်း ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ရှိ ဌာနဆိုင်ရာများ၏ ရုံးအဝင်ပေါက်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ထိန်းချုပ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရုံးဖွင့်ရက်များတွင် ရုံးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ရုံးရှေ့အဝင်ပေါက် များ၌ ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးဆောင်ရွက်ခြင်း၊ လက်ဆေးစေခြင်းနှင့် နှာခေါင်းစည်း များ တပ်ဆင်အသုံးပြုစေခြင်းစသော ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ရုံးတွင်း၊ ရုံးပြင် စာပေးစာယူလုပ်ငန်း တာဝန်ယူ ဆောင်ရွက်သည့် ဝန်ထမ်းများကိုလည်း ပါးစပ်နှင့် နှာခေါင်းစည်း၊ မျက်နှာကာနှင့် လက်အိတ်တို့ကို စနစ်တကျ ဝတ်ဆင်အသုံးပြုဆောင်ရွက်လျက်ရှိသည်။ နောင်တရား မြို့ရှိ ဌာနဆိုင်ရာရုံး၊ ဌာနများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက်ထားကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)