သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် နမ္မတူမြို့နယ် တောင်ပေါ်ဘုရား၌ ဆီမီးဆက်ကပ် လှုဒါန်းသူများ ကောင်းမှုကုသိုလ် ပြုသူများဖြင့် စည်ကားလျက်ရှိ

နမ္မတူ အောက်တိုဘာ ၁၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ တောင်ပေါ်ဘုရား၌ ယမန်နေ့ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) ညပိုင်းတွင် ရှမ်းတိုင်းရင်းသားရိုးရာ ကိန္နရီကိန္နရာ အကဖြင့် လည်းကောင်း၊ တိုးနယားအကဖြင့် လည်းကောင်း မြတ်စွာ ဘုရားရှင်အား ပူဇော် ကန်တော့ကာ၊ ဆီမီး ဆက်ကပ်လှုဒါန်းသူများ ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)