ရခိုင်ပြည်နယ် မောင်တောမြို့ရှိ  မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင်  သီတင်းကျွတ်လပြည့်နေ့  ဆီမီးတစ်ထောင်ထွန်းညှိပူဇော်

မောင်တော  အောက်တိုဘာ   ၁၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ယနေ့ညနေ့ ၆ နာရီအချိန်က မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် သီတင်းကျွတ်လပြည့်နေ့ ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ခဲ့ကြသည်။

အဆိုပါ မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် သီတင်းကျွတ်ကာလအတွင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍  အဘိဓမ္မာအခါတော် သီတင်းကျွတ်လပြည့်နေ့တွင် ဌာနဆိုင်ရာများ၊ အနီးအနားရှိ ရပ်ကွက်များမှ ပြည်သူလူထုများက ဗုဒ္ဓဘုရားရှင်အားရည်မှန်းကာ ဆီမီးတစ်ထောင်၊ ထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံ လွှတ်တင်ခြင်း၊ ဘုရားရေချမ်းအိုးကပ်လှူပူဇော်ခြင်း၊ သစ်သီးဆွမ်းကပ်လှူခြင်း၊ ဘုရားဖူးပြည်သူ များဖြင့် စည်းကားလျက်ရှိရာ ရပ်ကွက်များရှိ ပြည်သူများက လာရောက်ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြပြီး ရပ်ကွက်များအတွင်း လမ်းသွယ်၊ လမ်းကြား၊ လမ်းမကြီးများတွင် အလှမီးများထွန်းခြင်း၊ စတုဒီသာကျွေးမွေးခြင်းများကိုလည်း ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ကျော်စိန် ၊ သက်လွင်စိုး