လှိုင် စက်တင်ဘာ ၁၇
ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်တွင် အမက(၂၆)ကျောင်းနှင့် အလက(၅)ကျောင်းတို့၌ Quarantine Centre အဖြစ် ထားရှိဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့ နံနက်မှစတင်၍ ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိ သည်။
ထိုသို့ ပြင်ဆင်ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်း၊ လှိုင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောင်းအုပ်ကြီး များ၊ ကိုဗစ်-၁၉ အရေးပေါ် ကာကွယ် ထိန်းချုပ်ရေးအဖွဲ့ဝင်များ ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့များ စုပေါင်း၍ Quarantine Centre ဝင်ရောက်ရာတွင် နေထိုင်မည့် အခန်းများ၊ အိပ်ယာများ၊ ကုတင်များ၊ သန့်စင်ခန်းများ၊ လျှပ်စစ်မီးနှင့် သုံးရေသောက်ရေ များ ကောင်းမွန်မှုရှိစေရေး စနစ်တကျပြင်ဆင်ဆောင်ရွက်ခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ဆေးဖျန်းခြင်း၊ လိုအပ်သော အသုံးအဆောင်များ ဝယ်ယူဖြည့်တင်းပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ကြည်ဇေသော်(ပြန်/ဆက်)