ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၃၆)ရပ်ကွက်တွင် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ကြက်ဥများ အိမ်ထောင်စု (၂၅၀)အားလှူဒါန်းပေး

ဒဂုံ‌မြောက် အောက်တိုဘာ ၁၀

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီစဉ်မှုဖြင့် မြို့နယ်အတွင်းပြည်သူများအတွက် အခြေခံစားသောက်ပစ္စည်းများကို ရပ်ကွက်နေပြည်သူများအား ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် (၃၆)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင်  ယမန်နေ့နံနက်(၈)နာရီတွင် ဒုတိယအကြိမ် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 

အဆိုပါရောင်းချပေးမှုတွင် ယနေ့သည် သီတင်းကျွှတ်လပြည့်နေ့ အခါသမယဖြစ်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် အထောက်အကူပြုအဖွဲ့ဝင်များမှ မိမိတို့တတ်စွမ်းသ၍ အလှူဒါနအဖြစ် စားသောက်ကုန်များ လာရောက်ဝယ်ယူသူ ရပ်ကွက်နေပြည်သူများအား အိမ်ထောင်စုတစ်စုလျှင်  ဆန်တစ်ပြည်၊ ဆီငါးဆယ်သား၊ ကြက်ဥ(၅)လုံးဖြင့် အိမ်ထောင်စု (၂၅၀) အားလှူဒါန်းခဲ့ကြကြောင်း သတင်းရသည်။

မြင့်မြင့်ရီ(ဒဂုံမြောက်)