ရခိုင်ပြည်နယ် မောင်တောမြို့ရှိ  မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင်  ဆီမီးတစ်ထောင် ထွန်းညှိပူဇော်

မောင်တော  အောက်တိုဘာ ၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍  ယမန်နေ့ ညနေ့  ၆ နာရီ အချိန်က မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ခဲ့ကြသည်။

အဆိုပါ မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် သီတင်းကျွတ်ကာလအတွင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍  ယနေ့ သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့မှ စတင်ကာ ဌာနဆိုင်ရာများ၊ အနီးအနားရှိ ရပ်ကွက်များမှ ပြည်သူလူထုများက ဗုဒ္ဓဘုရားရှင်အား ရည်မှန်းကာ ဆီမီးတစ်ထောင်၊ ထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်း၊  ဘုရားရေချမ်းအိုးကပ်လှူပူဇော်ခြင်း၊ သစ်သီးဆွမ်းကပ်လှူခြင်း၊ ဘုရားဖူးပြည်သူများဖြင့် စည်းကားလျက်ရှိရာ မြို့ပေါ်ရပ်ကွက်များတွင်လည်း အလှမီးများထွန်းခြင်း၊ စတုဒီသာကျွေးမွေးခြင်းများကို ပြုလုပ်လျက်ရှိပြီးသီတင်းကျွတ်လပြည့်နေ့၊ နေ့လယ်ပိုင်းတွင်လည်း မြို့မကျောင်းတိုက်မှ ဦးဆောင်ကာ ပြည်သူလူထုများစုပေါင်း၍ ဆရာတော်၊ သံဃာတော် (၈၀)နီးပါးအား မြို့လုံးကျွတ်ဆွမ်းဆန်စိမ်း လောင်းလှူခြင်းများကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

အောင်ကျော်စိန်၊ သက်လွင်စိုး ခရိုင်(ပြန်/ဆက်)