လမ်းမတော်မြို့နယ် UMFCCI တွင် Trade and Investment Project (TIP) အဖွဲ့တာဝန်ရှိသူများနှင့် ဆွေးနွေး

စက်တင်ဘာလ ၁၇

လမ်းမတော်မြို့နယ်  UMFCCI  တွင် Trade and Investment Project (TIP) အဖွဲ့ခေါင်းဆောင် Mr. Charles Roberge ဦးဆောင်သော အဖွဲ့သည် အသင်းချုပ်နှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် ကုန် သွယ်မှုမြှင့်တင်ရေးဆိုင်ရာ သင်တန်းများ ပို့ချနိုင်​ရေးတို့အတွက် ယမန်နေ့တွင် Video Conferencing ဖြင့် အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် တာဝန်ရှိသူများအား ရှင်းလင်းပြောကြားခဲ့သည်။

Trade and Investment Project (TIP) သည် မြန်မာနိုင်ငံတွင် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုတိုးတက် ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်ဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်အကောင်အထည်ဖော်နေသော စီမံကိန်းဖြစ်သည့်အပြင် TIP သည် နိုင်ငံနှင့် ပြည်နယ်/တိုင်းအဆင့် နှစ်ခုလုံးတွင် ကုန်သွယ်မှုစွမ်းဆောင် ရည်မြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးကို ဆောင်ရွက်လျက်ရှိ သည်။

UMFCCI နှင့်​ TIP တို့ ကုန်သွယ်မှုမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုများ၊ ရှေ့ဆက်ပူးပေါင်းဆောင်ရွက် မည့် အခြေအနေများ ၊ National Export Strategy ၊ ဝန်ထမ်းများအတွက် ကုန်သွယ်မှုမြှင့်တင်ရေး ဆိုင် ရာ သင်တန်းများပို့ချနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ပြုလုပ်နိုင်ရေးတို့အတွက်  ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးများဖြစ်ကြသော ဦးမျိုးသန့်နှင့် ဒေါက်တာဝင်းစည်သူ၊ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆွေတို့ တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်