ကမာရွတ်မြို့နယ်တွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

ကမာရွတ် အောက်တိုဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ အ‌​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် သန့်ရှင်းသာယာလှပရေး​စေ​ရေးအတွက် ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၇း၀၀)အချိန်က အမှတ်(၁၀)ရပ်ကွက် ​အောင်​မြေသာစည်လမ်းရှိ​အောင်​မြေသာစည်ဘုန်​တော်ကြီး​ကျောင်းဝင်းအတွင်း၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ထိုသို့စု‌ပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စုပေါင်း၍ စာတိုက်ဝင်းအတွင်း သန့်ရှင်းလှပ‌စေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရေးအတွက် အမှိုက်သရိုက်များ၊ သစ်ပင်ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထစ်ရှင်းလင်းပေးခြင်း၊ ပေါင်းမြက်များအား မြက်ဖြတ်စက်ဖြင့် ရှင်းလင်းပေးခြင်း၊ ခြင်ခိုအောင်းနိုင်သောနေရာများအား ရှင်းလင်းပေးခြင်း၊ အမှိုက်များကို အမှိုက်ကားဖြင့် သယ်ယူစွန့်ပစ်ပေးခြင်းစသည့် သန့်ရှင်းရေး လုပ်ငန်းများပူးပေါင်းဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။

စိမ်းလဲ့(ပြန်/ဆက်)