မက်မန်း အောက်တိုဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ၌ အခမ်းအနားမှူး သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့သည်။
ထိုသို့ ဆောင်ရွက်တွင် မက်မန်းခရိုင် အမျိုးသမီးရေးရာအဖွဲ့၊ ဥက္ကဋ္ဌ ဒေါ်ညိုက အဖွင့်အမှာစကား ပြောကြားပြီး မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက အခမ်းအနားမှူး သင်တန်းကာလတစ်လျှောက် သင်ကြားခဲ့သော ဘာသာရပ်များ၊ အတွေ့အကြုံများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားမှူးကောင်းများ ဖြစ်လာစေရန် လက်တွေ့ကျင့်သုံးသွားကြရန်နှင့် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ဆက်လက်ဖွင့်လှစ်သင်ကြား ပေးသွားမည့် သင်တန်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားမှူးသင်တန်းတွင် ဆုရရှိသူများကို မက်မန်းခရိုင် အမျိုးသမီးရေးရာအဖွဲ့၊ ဥက္ကဋ္ဌ ဒေါ်ညို၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုနှင့် ခရိုင်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (အဖွဲ့ဝင်)ဒေါ်စန်းစန်းဌေးတို့က ဆုများကို အသီးသီးချီးမြှင့်ပေးခဲ့ပြီး သင်တန်းသူစုစုပေါင်း (၁၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)