နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေများအကြောင်း အသိပညာပေး (Talk Show) ကျင်းပပြုလုပ်

နမ္မတူ အောက်တိုဘာ ၈

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ Online စနစ်ဖြင့် မသန်စွမ်းသူများ၏အခွင့်အရေး ဥပဒေများအကြောင်း အများပြည်သူ အသိပညာ ပေး (Talk Show) အစီအစဉ်ကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ အသိပညာပေး (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းက Online စနစ်ဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေများအကြောင်း အများပြည်သူ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်ပိုးမဉ္ဇူ (အငယ်တန်းစာရေး)က မသန်စွမ်းသူဆိုသည့် အဓိပ္ပာယ်၊ ဆက်သွယ်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ဘာသာစကား၊ အလုပ်ရှင်နှင့် မသန်စွမ်းသူများ ခံစားရရှိနိုင်သည့် အခွင့်အရေးများ၊ မသန်စွမ်းသူမှတ်ပုံတင်ခြင်း၊ မသန်စွမ်းသူများအတွက် ထုတ်ပြန်ထားသည့် ဥပဒေနှင့် နည်းဥပဒေများ စသည့်အကြောင်း အရာများအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိ ပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ Online စနစ်ဖြင့် အများပြည်သူ အသိပညာပေး (Talk Show) အစီအစဉ်များကို လစဉ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အများ ပြည်သူတို့ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့်  ရိုက်ကူးတင်ဆက်ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းထံက သိရသည်။

လူမော် (ပြန်/ဆက်)