ပြင်ဦးလွင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း ဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပြင်ဦးလွင်   အောက်တိုဘာ ၇

ပြင်ဦးလွင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်းဆင်းပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ ၁၄ နာရီခွဲက ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည် းအဝေး ခန်းမ၌ကျင်းပရာ ပြင်ဦးလွင် ခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒေါ်ချိုဇင်သန့်က တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက အခမ်းအနားမှူးသင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ပြီး သင်တန်းနည်းပြအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကာ ထူးချွန်ဆုရရှိသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။  

ပြင်ဦးလွင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်းကို အောက်တိုဘာလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ နှစ် ရက်ကြာဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ပြင်ဦးလွင်ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ သင်တန်းသူ ၅၀ ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြူလူသစ် [ခရိုင် ( ပြန်/ဆက် ) ]