လွိုင်လင်မြို့တွင် လမ်းပုခုံးချဲ့ခြင်းနှင့် ရေနုတ်မြောင်းတူးဖော်မှုစစ်ဆေး

လွိုင်လင် အောက်တိုဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ မြကန်သာရေကန်အနီး၌ နေမင်းရောင်ကုမ္ပဏီမှ ဆောင်ရွက်နေသည့် လမ်းပုခုံးချဲ့ခြင်းနှင့် ရေနုတ်မြေင်းတူးဖော်နေမှု အား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၇ ရက်နေ့၊ နံနက်(၉)နာရီခွဲအချိန်တွင် ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နေမင်းရောင်ကုမ္ပဏီက မိတ္ထီလာ-တောင်ကြီး-လွိုင်လင်-နမ့်စန် ပြည်ထောင်စုလမ်းမကြီး၏ လမ်းဘေးဝဲယာ လမ်းပုခုံးချဲ့ခြင်း ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လွိုင်လင်မြို့ ကျက်သရေဆောင် မြကန်သာရေကန်းအနီး လုပ်ငန်းခွင်သို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ ခရိုင်အင်ဂျင်နီယာမှူး ဦးခွန်ထွန်းသက်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်တို့က ကွင်းဆင်းကြည့်ရှု့စစ်ဆေးကြရာ  နေမင်းရောင် ကုမ္ပဏီလီမိတက် မန်နေးဂျင်းဒါရိုက်တာ ဦးသန်းဝင်းမှ လိုက်လံရှင်းလင်းပြသသည်။  ခရိုင်အုပ်ချုပ်ရေးမှူးက လုပ်ငန်းလိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)