မိုင်းယန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မိုင်းယန်း အောက်တိုဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်၊ စာပေနှင့်ပိုမိုရင်းနှီးကျွမ်းဝင်၍ စာပေမှရရှိသော အသိပညာဗဟုသုတ များစွာရရှိပြီး ရဲဝင့်စွာပြောဆိုတတ်စေရန်နှင့် ဖတ်မှတ်စွမ်းရည်မြှင့်မား လာစေရန်အတွက် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက  ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းစာများအပြင် အားလပ်ချိန်များတွင် စာအုပ်စာပေများကို ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိနိုင်သည့် ကောင်းကျိုး၊ ဆိုးကျိုးများအား ရှင်းလင်းပြောကြားပြီး “လူငယ်နှင့် ရည်မှန်းချက်” ခေါင်းစဉ်ဖြင့် ဉပမာ၊ သာဓကများနှင့် နှိုင်းယှဉ်ကာ အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ကျောင်းသား/ ကျောင်းသူများ စာပေလေ့လာဖတ်ရှုနိုင်စေရန်အတွက် သုတ၊ ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့သည်။ ထို့နောက် ကျောင်းသား/ ကျောင်းသူများအား ကလေးအလုပ်သမားပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ကို စိတ်ဝင်တစ်စားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး