ကျိုင်းတုံ အောက်တိုဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ Format ဖိုင်ပြောင်း/JEPG ဖိုင် တည်ဆောက်နည်းသင်တန်းကို အောက်တိုဘာ ၇ ရက် နံနက် ၈ နာရီခွဲက ဖွင့်လှစ်ကျင်းပသည်။
ထိုသို့ကျင်းပရာတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေး က ကျိုင်းတုံခရိုင်အတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများအနေဖြင့် မှတ်တမ်းဓာတ်ပုံများ၊ ရုံးလုပ်ငန်းများနှင့် ထူခြားဖြစ်စဉ်၊ သတင်းဓာတ်ပုံများ အသုံးပြုရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ Format ဖိုင်ပြောင်း/JEPG ဖိုင်တည်ဆောက်နည်း သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မောင်နိုင် က ဓာတ်ပုံများ JEPG ဖိုင်ဖွဲ့နည်း၊ Word ဖိုင်များ PDF ဖိုင်ပြောင်းနည်း၊ Word ဖိုင်အတွင်းမှ ဓာတ်ပုံများ JEPG ဖိုင်ပြောင်းနည်းများကို တစ်ရက်တာ စာတွေ့လက်တွေ့ ပို့ချသင်ကြားပေးသွားမည်ဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျိုင်းတုံခရိုင်၊ မြို့နယ်၊ မြို့ရုံးများမှ ဝန်ထမ်း ၁၂ ဦး တက်ရောက်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)