လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား)တွင် အခြေခံကွန်ပျူတာသင်တန်း (အခမဲ့) ဖွင့်လှစ် သင်ကြားမည်

ပျဉ်းမနား အောက်တိုဘာ ၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဘာသာစကားသင်တန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများနှင့် အစည်းအဝေးဆွေးနွေးပွဲများအား စဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက် လျက်ရှိရာ ကွန်ပျူတာပညာရပ်များကို စတင်လေ့လာအသုံးပြုလိုသူများအတွက် အခြေခံ ကွန်ပျူတာသင်တန်း(အခမဲ့)ကို ဖွင့်လှစ်သင်ကြားပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေလျက်ရှိ ကြောင်း သိရသည်။

အခြေခံကွန်ပျူတာသင်တန်းတွင် Microsoft Word, Excel, Power Point သင်ခန်းစာများကို လက်တွေ့အသုံးပြုနိုင်သည်အထိ သင်ကြားပြသပေးသွားမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ (၁၅) ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ သင်တန်းတက်ရောက်လိုသူများအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး (ရွှေညောင်ပင်ကားဂိတ် အနီး)သို့ တက်ရောက်မည့် သင်တန်းသားကိုယ်တိုင် ရုံးချိန်အတွင်း လာရောက် စာရင်းပေး သွင်းနိုင်ကြောင်းသိရသည်။

ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)