မချမ်းဘော့ အောက်တိုဘာ ၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့ (Community Centre) ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲအား ကလေးသူငယ်များ စိတ်ကူးစိတ်သန်းထက်မြက်စေရန်၊ ဆေးရောင်စုံများ ရွေးချယ်တတ်စေ ရန်၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် အမက-၂ မချမ်းဘော့ ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နီနီလွင်နှင့် ဝန်ထမ်းများက ပထမ၊ ဒုတိယ နှင့် တတိယရရှိသူများအား ဆုလက်ဆောင်များ ချီးမြင့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)