နောင်ချို အောက်တိုဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သံသရာအေးဘိုးဘွားရိပ်သာတို့ပူးပေါင်း၍ အဘိဓမ္မာအခါတော်နေ့အကြောင်း သိကောင်းစရာ Talk Showဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် သံသရာအေး ဘိုးဘွားရိပ်သာအလုပ်အမှုဆောင် ဥက္ကဋ္ဌ ဦးအောင်ကျော်က သီတင်းကျွတ် လပြည့်နေ့တွင် မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ဟောကြေားခဲ့ကြောင်း၊ မယ်တော်မိနတ်ကို ကျေးဇူးဆပ်လိုသော ရည်ရွယ်ချက်ဖြင့် ဟောကြားခြင်းဖြစ်ကြောင်း၊ ဝါတွင်းသုံးလ ရက်ပေါင်း(၉၀)ကြာမျှ ဟောကြေားခဲ့သောတရားဖြစ်ကြောင်း သုတ္တန်တရားတို့ထက် သာလွန်ထူးခြားသောတရားဖြစ်၍ အဘိဓမ္မာတရားဟု ခေါ်ဆိုကြောင်းတို့ကို ပြည်သူများသိရှိစေရန် အသေးစိတ်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲများကို သက်ဆိုင်ရာ နေ့ထူးနေ့မြတ်များအလိုက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်၍ Online မှ တစ်ဆင့်ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)