ရန်ကုန် အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ သံဈေး၊ ငါးလွှာရှိ Yangon Book Plaza တွင် အများပြည်သူများ စျေးနှုန်းချိုသာ သက်သာစွာ ဝယ်ယူဖတ်ရှုနိုင်ရန် ရည်ရွယ်၍ စာအုပ်များကို ဈေးလျှော့ရောင်းချပေမည့် စာအုပ်စျေးပွဲတော်ကျင်းပသွားမည်ဟု သိရှိရသည်။
ထိုစာအုပ်ပွဲတော်ကို ဝါလကင်းလွတ်သီတင်းကျွတ်အထိမ်းအမှတ်အနေဖြင့် အောက်တိုဘာ ၇ ရက်ကနေမှ ၁၀ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး ငါတို့စာပေတိုက်မှ ထုတ်ဝေသောစာအုပ်များ၏ ၂၀ ရာခိုင်နှုန်းနှင့် အခြားသောစာပေတိုက်များမှ ထုတ်ဝေသော စာအုပ်များကို ၁၀ ရာခိုင်နှုန်းအထိ စျေးလျှော့ပေးသွားမှာဖြစ်ကြောင်း၊ ထိုအပြင် စာအုပ်လေးအုပ်ကို ကျပ်တစ်ထောင်၊ သုံးအုပ်ကို ကျပ်တစ်ထောင်၊ တစ်အုပ်ကို ငါးရာကျပ်၊ ရုပ်ပြစာအုပ် တစ်အုပ်ကို ကျပ်တစ်ထောင်နှုန်းဖြင့်လည်း ရောင်းချပေးသွားမည့် အစီအစဉ်လည်း ပါဝင်ကြောင်း Yangon Book Plaza မန်နေဂျာ ဒေါ်သီသီရှိန်ထံမှ သတင်းရရှိသည်။
စန္ဒာမိုး