မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ​ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲအခမ်းအနား တက်​ရောက်

​မော်လမြိုင် အောက်တိုဘာ ၇

မွန်ပြည်နယ်အတွင်း စည်းကမ်းရှိပြီး စနစ်ကျသည့် လူမှုပတ်ဝန်းကျင် ဖော်ဆောင်၍ အဓိကကျသည့်အုပ်ချုပ်ရေး၊  စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကို ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ​ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်​နေ့၊ ​နေ့လည်ပိုင်းက ​မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရက်ကွက်​၊ ကျေးရွာအုပ်ချုပ်​ရေးမှူးများ၊ တာဝန်ရှိသူများ တက်​ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နယ်မြေလုံခြုံ​ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အ​ရေးကြီးသည့် အခန်းကဏ္ဍဖြစ်သလို ​ဒေသတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး​ရေးသည်လည်း များစွာအ​ရေးပါ​ကြောင်း၊ ပြည်နယ်အတွင်း မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှုကွာဟခြင်းကို လျော့ချနိုင်ရန်အတွက် မြို့နယ်များအလိုက် ကျေးရွာများအား ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နှစ်စဉ်စီမံကိန်းများချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါ​ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ ပိုမိုတိုးတက်လာစေရေး၊ ပြည်သူများစားနပ်ရိက္ခာ ဖူလုံမှုရှိ​စေ​ရေး အထူးအ​လေး​ပေး​ဆောင်ရွက်​ပေးကြရန်နှင့် မြို့တွင်းသန့်ရှင်းသာယာလှပစေရေးအတွက် အမှိုက်များ စနစ်တကျစွန့်ပစ်​စေ​ရေးနှင့် ​ရေစီး​ရေလာကောင်းမွန်​စေ​ရေးတို့ကိုလည်း ​ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် လိုအပ်​ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံ​ငွေဖြင့် ​တောင်သူများကို တိုက်ရိုက်အကျိုးပြုသည့် စိုက်ပျိုး​ရေးလုပ်ငန်းများ​အပြင် ​မွေးမြူ​ရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ ဖြစ်ထွန်း​​အောင်မြင်စေ​ရေး ​ဆောင်ရွက်​ပေးကြရန်လို​အပ်သလို အ​သေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများကိုလည်း အား​ပေး​ဆောင်ရွက်ကြရန်လိုကြောင်း၊ ရပ်ကွက်၊ ​ကျေးရွာအုပ်ချုပ်​ရေးမှူးများအ​နေဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး လုပ်ငန်းအပြင် ပြည်သူကိုဗဟိုပြုသော လုံခြုံရေးစနစ်ကို ဖော်ဆောင်ပေးရမည်ဖြစ်ပြီး ဥပဒေလုပ်ထုံးလုပ်နည်း သိရှိနားလည်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုတို့ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်လို​ကြောင်း၊ ပြည်သူများ ​အေးချမ်းသာယာစွာ ​နေထိုင်နိုင်ကြ​စေ​ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်​စေ​ရေးတို့အတွက် အားလုံးဝိုင်းဝန်းပူး​ပေါင်း ​ဆောင်ရွက်​ပေးကြ​စေလို​ကြောင်း ​ပြောကြားခဲ့သည်။

ထို့​နောက် တက်​ရောက်လာကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ​လုံခြုံ​ရေးအစီအမံများ၊ စိုက်ပျိုး​ရေး၊ ​မွေးမြူ​ရေးနှင့် ​ဒေသတွင်း လူမှုစီးပွားဆိုင်ရာ ကိစ္စရပ်များ၊ မြို့ရွာသန့်ရှင်းသာယာလှပ​ရေးဆောင်ရွက်ထားရှိမှု အ​ခြေအ​နေများ၊ အိမ်​ထောင်စု၊ လူဦး​ရေစာရင်းများ၊ စိုက်ပျိုးဧကများ မှန်ကန်မှုရှိ​စေ​ရေးအတွက် ​ဆောင်ရွက်ထားရှိမှု၊  ကိုဗစ်ကာကွယ်​ဆေး ထပ်​ဆောင်းထိုးနှံပြီးစီးမှုအ​ခြေအ​နေများအား ဆွေး​နွေးတင်ပြပြီး ရပ်ကွက်၊ ​ကျေးရွာအုပ်ချုပ်ရေးမှုးများမှ ​ရပ်ရွာဖွံ့ဖြိုးတိုးတက်​စေ​ရေး၊ လမ်းပန်းဆက်သွယ်​ရေး၊ ​ရေစီး​ရေလာကောင်းမွန်​စေ​ရေး၊ လျှပ်စစ်ဓါတ်အားရရှိ​ရေး ​ဒေသဖွံ့ဖြိုးတိုးတက်​ရေးအတွက် အခြား​လိုအပ်သည်များကို တင်ပြခဲ့ကြမှုအ​ပေါ် ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ ဖြည့်စွက်​ဆွေး​နွေး တင်ပြခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း ​ဆောင်ရွက်​ပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်