မိုင်းနောင် အောက်တိုဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနရုံး Community Center ခန်းမ၌ ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကို ယနေ့ နံနက်(၁၀) နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သီတင်းကျွတ်ကျောင်း ပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အပန်းဖြေရင်း ပြင်ပဗဟုသုတများရရှိစေရန်အတွက် ကမ္ဘာ့စာပို့တိုက်နေ့နှင့် ပတ်သက်သည့် အသိပညာပေးစာစောင်များ၊ ပို့စကတ်များ၊ ယခုလက်ရှိဝန်ဆောင်မှုပေးနေသော စာတိုက်လုပ်ငန်းတွင် အသုံးပြုနေသည့် တံဆိပ်ခေါင်းများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ၊ မူးယစ်ဆေးဝါး အသိပညာပေး လက်ကမ်းစာစောင်များ၊ စာဖတ်ပရိတ်သတ်များ ကြိုက်နှစ်သက်သော စာအုပ်၊စာစောင်များကို ရွေးချယ်ကာ ပြသပေးထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ စာပေချစ်သူအသင်းဝင်များအား ဖိတ်ကြားကာ အဆင်ပြေပြေလာရောက် ဖတ်ရှုလေ့လာနိုင်အောင် စီစဉ်ထားရှိပေးထားကြောင်း သိရသည်။
မနန်း(မိုင်းနောင်)