အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် အသိပညာပေး လှည့်လည်နှိုးဆော်

ရန်ကုန် စက်တင်ဘာ    ၁၇


ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် အသိပညာပေး လှည့်လည် နှိုးဆော်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က မြို့သစ်(က+ခ) ရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ မိုးမိုးမြင့်၊ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်အေးအေးတင်၊ သားဖွားဆရာမ ဒေါ်ဝင့်ဝါထွန်းနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ဆယ်အိမ်မှူးများ၊ရာအိမ်မှူးများ နှင့်တာဝန်ရှိသူများက လတ်တလော ကမ္ဘာပေါ်၌ ဖြစ်ပေါ် ပြန့်ပွားလျက်ရှိသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ(COVID-19) ရောဂါ ကူးစက်ခံရခြင်း မရှိစေရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် လမ်းညွှန်ချက်များနှင့် အညီ လိုက်နာဆောင်ရွက်ကြရန်၊ပြည်သူများ မဖြစ်မနေ ပြင်ပသို့ သွား လာပါက နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ပြီးမှ သွားလာရန်၊လက်ကို ဆက်ပြာဖြင့် စနစ်တကျ ဆေးကြော ရန်၊ လူစု လူဝေး ရှောင် ကြဉ်ရန်၊မိမိနေရပ်သို့ ပြန်လာသည့် ပြည်သူများ ဝင်ရောက် လာမှုရှိလျှင် သက်ဆိုင်ရာ ကျန်းမာရေး ဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ အသိပေး အကြောင်းကြားရန်၊ တစ်ဦးနှင့် တစ်ဦး ၆ ပေကွာ နေကြရန် စသည်တို့ကို မြို့သစ်(က+ခ) ရပ်ကွက်အတွင်းရှိ လမ်းသွယ်များတွင် လှည့်လည် နှိုးဆော်ခဲ့ ကြပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)