နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်း ပညာသင်ကျောင်း၊ ကျိုင်းတုံမြို့၏  အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲကျင်းပ

ကျိုင်းတုံ အောက်တိုဘာ ၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ ကျိုင်းတုံမြို့၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီက အဆိုပါကျောင်း ခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်က သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီး သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းတွင် ထူချန်သူများအား သင်တန်းထူချွန်ဆုများ ပေးအပ်ချီမြှင့်သည်။

ထို့နောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး သင်တန်းကျောင်း အုပ်ဒေါ်နန်းယုန်းက သင်ကြားပို့ချခဲ့သည့် သင်ခန်းစားများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းမှူး နှင့်တာဝန်ရှိသူများက သင်တန်းသူများ၏ လက်မှုအနုပညာလက်ရာများအား ကြည်ရှုုအားပေးကြသည်။

အဆိုပါသင်တန်းတွင် ကျိုင်းတုံမြို့နယ်မှ သင်တန်းသူ ၃၀ ဦး တက်ရောက်ပြီး ရက်သတ္တပတ် (၂၂)ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)