ပျဉ်းမနား အောက်တိုဘာ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့က စာရေးဆရာ ဒေါက်တာမတင်ဝင်း ရေးသားသည့် ''ရှင်ခြင်းနှင့် သေခြင်းကြားက ကျွန်မတို့ တစ်တွေ'' စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲတွင် ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင် က စာဖတ်ဝိုင်းများကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ''ရှင်ခြင်းနှင့်သေခြင်းကြားက ကျွန်မတို့တစ်တွေ'' စာအုပ်ပါ အကြောင်းအရာများကို မိတ်ဆက်ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် စာရေးဆရာ/ဆရာမများနှင့် စာပေဝါသနာရှင်များက ''ရှင်ခြင်းနှင့်သေခြင်းကြားက ကျွန်မတို့ တစ်တွေ'' စာအုပ်ပါ အကြောင်းအရာများကို မိမိတို့၏ ဘဝအတွေ့အကြုံများဖြင့်ပေါင်းစပ်၍ အသီးသီး ဆွေးနွေးကြသည်။
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့အနေဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို စာရေးသူ/စာပေဝါသနာရှင်များ ပူပေါင်း၍ စဉ်ဆက်မပြတ် ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)