ကျောက်ဆည် အောက်တိုဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာလိုအပ်မှုများအား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဗနွဲ့ကုန်းကျေးရွာတွင် (VDP) စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
(VDP)စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရာတွင် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ (၁၀၀) သိန်း၊ ပြည်သူထည့်ဝင်ငွေနှင့်လုပ်အား (၅,၃၀၀,၀၀၀) ကျပ်၊ စုစုပေါင်း (၁၅,၃၀၀,၀၀၀) ကျပ် အကုန်အကျခံကာ အရှည် (၅၃၀) ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ ကွန်ကရစ်ခင်းခြင်းဖြစ်ကြောင်းနှင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့် တင်ပေးသောကြောင့် လမ်းများမြို့ပြနှင့် မခြားဖြစ်လာပြီး ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာများသွားလာရာတွင် များစွာအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ရာတွင် လမ်းအရည်အသွေးပြည့်မီရေး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာများ ကူညီပံ့ပိုးပေးလျက် ရှိကြောင်းနှင့် လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ဗနွဲ့ကုန်းကျေးရွာမှ အိမ်ခြေ(၁၃၂)အိမ်၊ လူဦးရေ (၆၁၂) ဦးတို့ ကူးလူးဆက်သွယ်ရာတွင် ပိုမိုမြန်ဆန်လာပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာပြီဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)