အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်

မန္တလေး အောက်တိုဘာ ၇

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ မန်းသီရိစျေးရှေ့တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ကို ယနေ့နံနက် ၇ နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါ Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော် ဦးဆောင်၍  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဦးစီးများနှင့် ဝန်ထမ်းများ၊ တပ်မတော်သားအရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ မန်းသီရိစျေးအရှေ့ဖြတ်သန်းသွားလာနေသော ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ပြည်သူများပေါ့ဆနေခြင်းမရှိစေဘဲ နေအိပ်အပြင်ပသို့ ထွက်ခွာမည်ဆိုပါက နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်အသုံးပြုနိုင်ရေး၊ လက်ကိုမကြာခဏဆေးကြောရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးအပြည့်ထိုးနှံခြင်း၊ ထပ်ဆောင်းထိုးနှံခြင်းနှင့် ဗီဇပြောင်း ကိုဗစ် ရောဂါပိုးများ၏ အန္တရာယ်မှကာကွယ်ရန်၊ ပြည်သူများ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသော ညွှန်ကြားချက်များကို လိုက်နာကြရန် စသည်တို့ကို အသိပညာပေး‌ဆွေးနွေးပြောကြားကြပြီး နှာခေါင်းစည်း (Mask) ၁၅၀၀ ခုအား(အခမဲ့) ဝေငှပေးကြကြောင်း သိရသည်။

မြင့်မော်ထွန်း