မိုးနဲ အောက်တိုဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင် ၊မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်တာဝန်ရှိသူများ ၊မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ပရဟိတလူမှုကူညီရေးအသင်း စသည့်စေတနာ့ဝန်ထမ်းများ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ရေးလှုပ်ရှားမှုကို ယနေ့နံနက် ၈ နာရီက မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်၌ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက် လိုက်နာရန် သတိပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် တစ်ဦးနှင့် တစ်ဦးအချင်းချင်း အသိပေး/သတိပေး ပြောကြားရမည့်အချက်များ၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေရန် သတိပေးခြင်း၊သက်ကြီး ရွယ်အိုများအတွက် သတိထားပေးပါ၊ နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ၊ သင့်မိသားစုကျန်းမာရေး စနစ်တကျ လက်ဆေးပေး၊ အပြင် ထွက်တိုင်း နှာခေါင်းစည်းများ စနစ်တကျ ဝတ်ဆင်သွားလာရေး အသိပညာပေးပြီး နှာခေါင်း စည်းဝတ်ဆင်ထားခြင်းမရှိသူများကို နှာခေါင်းစည်းများ တပ်ဆင်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)