မြစ်သား အောက်တိုဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ် စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှိ ဝန်ထမ်းများဖြစ်သည့် စာဖတ်ပရိသတ်များနှင့် ကျီတော်ကုန်း (မူလွန်ကျောင်း) ရှိ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ လာရောက်ငှားရမ်းရန် အခက်အခဲရှိနေသည့် စာဖတ်ပရိသတ်များနှင့် ကျောင်းသာ၊ ကျောင်းသူများအတွက် စာပေဖတ်ရှုမှုအဆင်ပြေစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် စာဖတ်ရှိန် မြှင့်တင် ရေးရည်ရွယ်ကာ သုတ/ရသစာအုပ်များကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက်ငှားရမ်းပေးခဲ့ရာ ယခင်ငှားရမ်းပေးခဲ့သော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး စာအုပ်စာစောင်အသစ်များ ထပ်မံငှာရမ်း ပေးခဲ့ကြောင်း သိရသည်။
သီတာအောင်(မြစ်သား)