မိုင်းဆတ်မြို့၌ နယ်လှည့်စာကြည့်တိုက်နှင့်အသိပညာပေး ဟောပြောပွဲကွင်းဆင်းဆောင်ရွက်

မိုင်းဆတ် အောက်တိုဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ခရိုင်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီက အ.မ.က(ဟိုနား)ကျောင်းသို့ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ် က ဝိန်းဝိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား အားလပ်ချိန်တွင် ပြင်ပဗဟုသုတရရှိစေရန် စာအုပ်စာပေများ ဖတ်ရှုလေ့လာရန်နှင့် ရုံးစာကြည့်တိုက်ရှိ စာအုပ်များ လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ကာကွယ်ရေးနည်းလမ်းများကို အကျယ်တဝင့်အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုပြီး သုတ၊ ရသ စာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုကာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြသထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေးစာစောင်နှင့် လူကုန်ကူးမှုအသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဓာတ်ပုံများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)