နွားထိုးကြီး အောက်တိုဘာ ၇
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ဆူနာမီဘေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
လေပြင်း ဘေးဆိုင်ရာအသိပညာပေး Talk Show အစီအစဉ်တွင် ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်ဆွေဇင်မြင့်မှ လေပြင်းဘေးဖြစ်ပွားရသည့်ကာလ၊ လေပြင်းဘေးနှင့်အတူမိုးထစ် ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီကြွေကျခြင်း၊ မိုးထစ်ချုန်းရွာခြင်းတို့ ဖြစ်နိုင်ခြင်း၊ လေပြင်းဘေးအတွက် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ လေပြင်းတိုက်ခတ်စဉ် ပြင်ဆင်ရမည့် အချက်များ၊ လေပြင်းတိုက်ခတ်နေစဉ်မိုးသီးကြွေခြင်း၊ မိုးထစ်ချုန်းရွာခြင်း ဖြစ်ပေါ်လာပါကသတိပြုလိုက်နာရ အချက်များ၊လေပြင်းဘေးဖြစ်ပေါ်ပြီးနောက် ရှောင်ရှားရမည့်အချက်များ၊ အရေးပေါ်သုံးပစ္စည်းများ၊ သဘာဝဘေးအန္တရာယ်ကြံတွေ့လျှင် ဆက်သွယ်ရမည့်ဖုန်းနံပါတ်များကို အကျယ်တဝင့် ရှင်းလင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။
သန်းအောင်ဇော်