ဗန်းမော်တက္ကသိုလ်တွင် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကျင်းပ

ဗန်းမော် အောက်တိုဘာ ၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်တက္ကသိုလ် ဘက်စုံသုံးခန်းမတွင် အနန္တောအနန္တဂိုဏ်းဝင် ဘဝပဲ့ကိုင် ဆီးမီးတိုင်များဖြစ်ကြသည့် ဆရာကြီး/ဆရာမကြီးများ၏ ဂုဏ်ကျေးဇူးကို သိတတ်သောအားဖြင့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ၊ သုတေသန စာတမ်းဖတ်ပွဲနှင့် ဂုဏ်ပြုဆု ပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားကို အောက်တိုဘာလ  ၅  ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ် ဒေါက်တာ သောင်းထိုက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာစာ ဌာန ပါမောက္ခ၊ဌာနမှူးက ‘‘ပန်းပုဆရာအပြုံး” ကဗျာဖြင့် မြတ်ဆရာများကို ပူဇော်ကန်တော့ ပန်းဆင်ခဲ့ကြပြီး ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်၍   သုတေသနစာတမ်းဖတ်ပွဲကို ကျင်းပရာ ဘာသာရပ်ဌာန အသီးသီးမှ သုတေသနစာတမ်း (၇)စောင် ဖတ်ကြားတင်သွင်းခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဗန်းမော်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ သောင်းထိုက်၊ ဒေါက်တာ ဝင်းနိုင်၊ ဘာသာရပ်နှင့် စီမံဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူ ၁၅၀ ဦးတို့က တက်ရောက်ပူဇော်ခဲ့ကြ ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်