တံတားဦး အောက်တိုဘာ ၇
တံတားဦးခရိုင် တံတားဦးမြို့နယ် ဒေသအခြေအနေ အရပ်ရပ်ပေါ်သုံးသပ်၍ မြို့နယ်အတွင်းရှိ မည်သည့်နေရာ၌မဆိုအများပြည်သူ အထိတ်တလန့်အနှောင့်အယှက်ဖြစ်စေပြီး မီးလောင်ကျွမ်းနိုင်မှု ဖြစ်စေနိုင်သော ကိစ္စများနှင့်မြို့၏ လုံခြုံရေးကို ထိပါးစေနိုင်သောအခြေ အနေများ မဖြစ်ပွားစေရန်အလို့ငှာ ဒေသန္တရအမိန့် (၆/၂၀၂၂)ဖြင့် ထုတ်ပြန်ထားကြောင်းသိရသည်။
အဆိုပါ အမိန့်ထုတ်ပြန်ချက်တွင် တံတားဦးမြို့နယ်အတွင်း ပေါက်ကွဲစေနိုင်သောပစ္စည်းများဖြစ်သည့် ဗြောက်အိုး၊ မီးရှူး၊ မီးပန်း၊ မီးဒုံးများ စသည့် ပေါက်ကွဲစေနိုင်သည့်ပစ္စည်းများကို လုံးဝရောင်းချခြင်း မပြုလုပ်ရေး၊ ဗြောက်အိုး၊ မီးရှူး၊ မီးပန်း၊ မီးဒုံးများ စသည့် ပေါက်ကွဲစေနိုင်သည့်ပစ္စည်းများကို ဖောက်ခွဲခြင်း၊ ပစ်လွှတ်ခြင်းများ လုံးဝမပြုလုပ်ရေး၊ ဗြောက်အိုး၊ မီးရှူး၊ မီးပန်း၊ မီးဒုံးများ စသည့် ပေါက်ကွဲစေနိုင်သည့် ပစ္စည်းများကို ထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း ရောင်းဝယ်ဖောက်ကားခြင်း၊ သယ်ယူပို့ဆောင်ခြင်းများ မပြုလုပ်ရေး၊ မကြာမီကာလအတွင်း သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော် ကာလများသို့ရောက်ရှိတော့မည့်ရာ ယင်းကလများကို အကြောင်းပြု၍ မီးရှူး မီးပန်းများပစ်လွှတ်ခြင်း၊ ဗြောက်အိုးရှူးဒိုင်းများပစ်ဖောက်ခြင်းများ ပြုလုပ်လေ့ရှိသဖြင့် အဆိုပါပစ္စည်းများ ထုတ်လုပ်ခြင်း၊ သယ် ဆောင်ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်းရောင်းချခြင်း ပစ်ဖောက်ခြင်းများ မပြုလုပ်ကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းအမိန့်ထုတ်ပြန်သည့်နေ့မှစ၍ နောက်ထပ်အမိန့် တစ်စုံတစ်ရာ မရမချင်း ဤအမိန့်သည် အတည်သတ်မှတ်ထားပါကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ရဲတင့်( ပြန်/ဆက်)