အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန် စက်တင်ဘာ    ၁၇


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ပြည်သူများ ဈေးဝယ်လာရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ကျန်းမာရေးစွာ နေထိုင်နိုင်စေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်း၏ လမ်း ညွှန်မှုဖြင့် ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်းမှ ဘိုကုန်းဈေးမြေညီထပ်ကြမ်းခင်း(Ground Floor Slab) အား ဈေးများဌာန အင်ဂျင်နီယာ လက်ထောက်ညွှန်ကြားရေးမှူး EE ဦးစိုးလွင်နှင့်အဖွဲ့မှ ကွန်ကရိလောင်းသည့် လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး အလားတူ အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူ များ ကျန်းမာရေးနှင့်ညီညွတ်စေရန် ရပ်ကွက် အလိုက် ကျန်းမာရေးလေ့ကျင့်ပစ္စည်းများအား တပ်ဆင်ပေးလျက်ရှိရာ ယခုအခါ တောင်သူကုန်းရပ်ကွက်၊ မြို့နယ်ခန်းမရှေ့နှင့် ကွယ်ကဘော ဆေးရုံရှေ့ တို့ တွင် တပ်ဆင်ပေးခဲ့သည်။
အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့်သက် ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)