လားရှိုးမြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၃) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

လားရှိုး အောက်တိုဘာ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမတွင် အောက်တိုဘာလ(၇)ရက်နေ့ နံနက်(၉)နာရီ အချိန်က အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ အမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာမင်းက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပြီး လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက  သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသူများနှင့် သင်တန်းဆင်းလက်မှတ်များကို လားရှိုးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသူများချုပ်လုပ်ထားသည့် အဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး