အမ်းမြို့၌ မြေပြင်လူဦးရေစာရင်းဆိုင် ရာအချက်အလက်များ ပြည့်စုံမှန်ကန်ရေး ကြီးကြပ်ရေးကော်မတီမှ တစ်အိမ်တက် တစ်အိမ်ဆင်းကွင်းဆင်းတိုက်ဆိုင်စစ်ဆေး

အမ်း အောက်တိုဘာ ၇

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်းအား  တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီ အချိန်က အောက်ရွာကျေးရွာအုပ်စု၊ အောက်ရွာကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။ 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ​၊ မြိုနယ်ထွေ‌ထွေအုပ်‌ချုပ်ရေးဦးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်‌ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ ပူးပေါင်း၍  အခြေခံလူဦးရေစာရင်းအား မှန်ကန်​စေရေးအတွက် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းကို တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း

မြို့နယ်(ပြန်/ဆက်)