မြစ်သား အောက်တိုဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက မြို့ နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဟန်စိုးနှင့် ဝန်ထမ်းများသည် အလယ်တန်း၊ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများ အားလူငယ်နှင့် ခေါင်းဆောင်မှုခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကူမဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးတင့်လွင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်အားက စားမှူး ဦးကျော်ဟန်စိုးက “လူငယ်နှင့်ခေါင်းဆောင်မှု” အကြောင်းသိကောင်းစရာများကို ရှင်းလင်းဟောပြောကာ ကျောင်းတွင်းအားကစားများဆောင်ရွက်နိုင် ရေးအတွက် (၁၈၀၀၀) ကျပ်တန်ဖိုးရှိဘောလုံး(၁)လုံး၊ (၁၆၅၀၀) ကျပ်တန်ဖိုးရှိဘောလီဘော (၂)လုံး နှင့် (၅၅၀၀)ကျပ်တန်ဖိုးရှိပိုက်ကျော် ခြင်း(၃)လုံးစုစုပေါင်းငွေကျပ် (၆၇၅၀၀)တန်ဖိုးရှိ အားကစားအထောက်အကူပြုပစ္စည်းများကိုကျောင် းသား၊ ကျောင်းသူများ အားကစားလှုပ်ရှားမှုများတွင် အသုံးပြုနိုင်ရေးအတွက် ကျောင်းအုပ်ဆရာကြီး ဦးတင့်လွင်ထံ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲနိုင်ဦး(မြစ်သား)