ဟိုပန်မြို့၌ (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် နှာခေါင်းစည်း MasK များ အခမဲ့ဖြန့်ဝေ

ဟိုပန်    စက်တင်ဘာ     ၁၇

(၀)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အဖြစ် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီအချိန် က မြို့လယ်အဝိုင်းတွင် ပြုလုပ်ခဲ့သည်။

မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်နိုင်မိုး ဦးဆောင်၍ စခန်းမှူး ဒုရဲမှူး ဆွေမောင်မောင်နှင့် ရဲတပ်ဖွဲ့ဝင် (၂၅)ဦးသည် ဈေးသွားဈေးလာပြည်သူများ၊ လုပ်ငန်းခွင်သို့သွားလာသော ပြည်သူများ၊ ခရီးသွားပြည်သူများအား အပြင် ထွက်သွားလာရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် အသိပေးနှိုးဆော်ပြီး နှာခေါင်းစည်း (၅၀၀)ခုအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)