မင်းပြား အောက်တိုဘာ ၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Shဝw) ကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မင်းပြားမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်သောင်းရွှေက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Shဝw) ပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး လူမှုစီးပွားနိမ့်ကျခြင်းကြောင့် ကမ္ဘာတစ်ဝှမ်းတွင် ကလေးအလုပ်သမားများ၏ တွေ့ကြုံနေရသည့် အခက်အခဲအခြေအနေနှင့်ကလေးလုပ်သား သားကောင်များအဖြစ်ခံနေရသော ကလေးများ၊ ခေတ်သစ် ကျေးကျွန်စနစ်တွင် အသုံးပြုခံနေရသည့်ကလေးများ၊ ကိုယ်တွင်းအင်္ဂါ ဈေးကွက် ပေါ်ပေါက်လာမှုကြောင့် ရွှေ့ပြောင်းဒုက္ခသည်များ၏ဘဝ၊ ကျောင်းနေအရွယ် ကလေးများအားလုံးကျောင်းနေထိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရေးစသည့် ကလေးအလုပ်သမားများပပျောက်ရေး ဆိုင်ရာအကြောင်းအရာများအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
သိန်းနုအောင် (ပြန်/ ဆက်)