ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်

ပုံပါကျင်  အောက်တိုဘာ  ၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အောက်တိုဘာလ (၇) ရက်နေ့၌ (Book Club) အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ စာရေးဆရာ ဦးဖြိုးကြွယ်မြင့်၏ "သားသမီးငယ်တို့လူရည်ချွန် လူရည်မွန်များဖြစ်စေရန်လမ်းညွှန် " စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃‌ ဒေါ်မြမြအေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Book Club) အသင်းဝင်ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ဦးဆောင်၍ စာရေးဆရာ ဦးဖြိုးကြွယ်မြင့် ၏"သားသမီးငယ်တို့ လူရည်ချွန်လူရည်မွန်များဖြစ်စေရန်လမ်းညွှန်" စာအုပ်ထဲမှကရုဏာနှင့်ရိုးသားပါစေ၊ မျှတပါစေ စသည့် ‌ခေါင်းစဉ်များဖြင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့်အတူ အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာသည့် (Book Club)အဖွဲ့ဝင်များက စာဖတ်ဝိုင်းတွင် ဖတ်ကြားဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် ၎င်းတို့၏အမြင်များကို ပြန်လည်ရှင်းလင်း‌ဆွေး‌နွေးခဲ့ကြောင်း သိရသည်။

သော်တာ(ပြန်/ဆက်)