စဉ့်ကိုင် အောက်တိုဘာ ၇
လူငယ်လူရွယ်များ စာဖတ်သည့်အလေ့အကျင့်များ တိုးပွားလာစေရန် အားလပ်ချိန်အား အကျိုးရှိစွာအသုံးချနိုင်စေရန် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်ချက်များဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်မိုလ်ဘိုင်း စာငှားရမ်းခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်စန္ဒာအေးအောင်၊ ဒုတိယဦးစီးမှူးနှင့် ဒေါ်နှင်းအိအိခိုင်၊ စာထောက်-၃တို့က ယမန်နေ့မွန်းလွဲ (၂) နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့သည်။
စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းများအား စာဖတ်ရှုနိုင်စေရေး သုတ/ရသ စာအုပ်များ ၊ မဂ္ဂဇင်းများ၊ ရုပ်ပြစာအုပ်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ရေး နယ်လှည့်မိုလ်ဘိုင်း စာကြည့်တိုက်စနစ်ဖြင့် လက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့) ငှားရမ်းပေးခြင်းကို နှစ်ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် လဲလှယ်ငှားရမ်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော့မူယာမောင် (ပြန်/ဆက်)