ကမာရွတ်မြို့နယ်တွင် လေလွင့်ကလေးငယ်များအားနှင့် စည်းကမ်းမဲ့စျေးရောင်းချနေသူများကို ရှင်းလင်းဆောင်ရွက်

ကမာရွတ်   အောက်တိုဘာ ၇

ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့  မွန်းလွဲ(၁:၀၀)နာရီအချိန်မှစတင်၍  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှဝန်ထမ်းများနှင့် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့များပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် ကမာရွတ်မြို့နယ်အတွင်းရှိ  ပြည်လမ်းနှင့်အင်းယားလမ်းမီးပွိုင့်၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် ပြည်လမ်းမီးပွိုင့်၊ တက္ကသိုလ်ရိပ်သာလမ်းနှင့်အင်းယားလမ်းမီးပွိုင့်၊ တက္ကသိုလ်ရိပ်သာလမ်းတို့၌ တောင်းရမ်းစားသောက် လေလွင့်ကလေးငယ်များနှင့် စည်းကမ်းမဲ့လမ်းဘေးစျေးရောင်းချမှုများ မရှိစေရေးရှင်းလင်းဆောင်ရွက်ခဲ့ပါသည်။

အဆိုပါရှင်းလင်းဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ အများပြည်သူများ အမြင်မတင့်တယ်မှုမရှိစေရေး ဂရုပြု၍ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရပါသည်။

စိမ်းလဲ့(ပြန်ဆက်)