ညောင်ဦးမြို့၌ လူတိုင်းနှာခေါင်းစည်း Mask တပ်ဆင်သွားလာစေရေး Mask Campaign ပြုလုပ်၍ နှာခေါင်းစည်း Mask ခုရေ ၃၀၀၀ ဖြန့်ဝေ

ညောင်ဦး  အောက်တိုဘာ  ၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ကျောက်ပန်းတောင်း သွားကားလမ်းမကြီးဘေး ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး လူတိုင်းနှာခေါင်းစည်း Mask တပ်ဆင်နိုင်ရေး နှာခေါင်းစီးခုရေ ၃၀၀၀ ဖြန့်ဝေ၍ Mask Campaign ပြုလုပ်ခြင်းအား ယမန်နေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Mask Campaign ပြုလုပ်ဖြန့်ဝေခြင်းအား ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်း၊ ညောင်ဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးနန်းတင့်နှင့် စီမံအဖွဲ့ဝင်များ ဦးဆောင်ကာ မြို့နယ်စီပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများလူမှုဝန်ထမ်းဦးစီးဌာန၊ ဝန်ထမ်းများ သည် ညောင်ဦး-ကျောက်ပန်းတောင်းသွား နှစ်လမ်းသွားလမ်းမကြီး တစ်ဘက်တစ်ချက်စီတွင်  လမ်းသွားလမ်းလာများအား ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး လူတိုင်းနှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန် Mask Campaign ပြုလုပ်ရင်း Mask များ ဝေငှရာနှာခေါင်းစည်း အခုရေ ၃၀၀၀ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ