မက်မန်း အောက်တိုဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဒေသခံပြည်သူများ အသိပညာတိုးပွားရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှု အခြေအနေများအား သိရှိနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါထုတ်ပြန်ချက်များကို သိရှိနိုင်ရေးတို့အတွက် စာအုပ်စာစောင်ပြသခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ပြသခဲ့သည်။
ထိုသို့ ပြသရာတွင် ဒေသခံပြည်သူများ လေ့လာဖတ်ရှု့သင့်သော မော်ဖဒေသသမိုင်းကြောင်းစာအုပ်များ၊ နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်ချက် မှတ်တမ်းစာအုပ်များ၊ ထင်ရှားကျော်ကြားလှသော စာရေးဆရာ/ဆရာမကြီးများ၏စာအုပ်များ၊ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ကောက်နုတ်ချက် များ၊ ကလေးများအတွက် ရုပ်ပြ/ကာတွန်းစာအုပ်များအားပြသခြင်း၊ နံရံကပ်စာစောင်တွင် ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများ၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်မှုများ၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ထုတ်ပြန်ချက်များကိုဒေသခံပြည်သူများ သိရှိလိုက်နာနိုင်ရေးတို့အတွက် မှတ်တမ်းဓာတ်ပုံများ၊ ဆောင်းပါးများ၊ ကာတွန်းများနှင့် စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြသထားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)