မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်း ထွန်းလုပ်ငန်းခွင် အကြိုမူလတန်းဆရာ အတတ်ပညာသင်တန်းသို့ တက်​ရောက်​နေကြသည့် သင်တန်းသား၊ သင်တန်းသူများအတွက် စားကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

မော်လမြိုင် အောက်တိုဘာ ၇

၂၀၂၂ ခုနှစ်၊ ​အောက်တိုဘာလ ၅ ရက်​နေ့တွင် ကျ​ရောက်သည့် ကမ္ဘာ့ဆရာများ​နေ့ကို ကြိုဆိုဂုဏ်ပြု​သောအားဖြင့် ​မော်လမြိုင်ပညာ​ရေးဒီကရီ​ကောလိပ်တွင် တက်​ရောက်​နေကြသည့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ ​နေထိုင်စား​သောက်မှုအဆင်​ပြေ​စေ​ရေးနှင့် စိတ်​အေးချမ်းသာစွာ သင်တန်း တက်​ရောက်နိုင်​ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများသည် ​အောက်တိုဘာလ ၅ ရက်​နေ့၊ ​နေ့လယ်ပိုင်းက မော်လမြိုင် ပညာ​ရေးဒီကရီ​ကောလိပ်၌ လုပ်ငန်းခွင် အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း (၈/၂၀၂၂) သင်တန်းနှင့် လုပ်ငန်းခွင် အကြိုမူလတန်း ဆရာ အတတ်သင် ဒီပလိုမာသင်တန်းသို့ တက်​​ရောက်​​နေကြသည့် သင်တန်းသား၊ သင်တန်းသူ (၄၀၄) ဦးအတွက် ကြက်ဥ အလုံး (၂၀၀၀) ၊ ငါး​ခြောက် ပိဿာ (၁၀၀)၊ အဟာရဖြည့်စွက်စာများနှင့် စားကုန်ပစ္စည်းများ ​​ထောက်ပံ့​ပေးအပ်ခဲ့သည်။

ထိုသို့ ​ထောက်ပံ့​ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မျိုးဆက်သစ်များရဲ့ ပညာရည် အရည်အသွေး တိုးတက်မြင့်မားလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပညာရေး ကဏ္ဍဟာ များစွာအရေးပါလျက်ရှိ​ကြောင်း၊ သင်တန်းတက်​ရောက်​နေသူများ အ​နေဖြင့်  ကိုဗစ်-၁၉​ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်​ရေးအတွက် ထုတ်ပြန်ထားသည့် စည်းကမ်း ချက်များအညီ ​နေထိုင်ကြရန် လိုအပ်သလို ကျန်မာ​ရေးကိုလည်း အထူးဂရုစိုက်ကြရန်လိုအပ်ပါ​ကြောင်း၊ သင်တန်းတက်ရောက်‌နေစဉ် ကာလအတွင်း ဆရာအတတ်ပညာများကို လေ့လာဆည်းပူးပြီး အနာဂတ် လူငယ်၊ လူရွယ်များကိုပညာတတ်မြောက်စေရေး ကြိုးစား​ဆောင်ရွက်​ပေးကြရန်နှင့် လိုအပ်သည်များကိုလည်း ​ဖြည်းဆည်း ထောက်ပံ့​​​ပေးသွားမည်ဖြစ်​ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများမှ သင်တန်းသူ၊ သင်တန်းသားများအတွက် စားကုန်ပစ္စည်းများ ​ထောက်ပံ့​ပေးအပ်ခဲ့ကြပြီး မော်လမြိုင် ပညာ​ရေးဒီကရီ​ကောလိပ် ​ကျောင်းအုပ် ဆရာမကြီး ​ဒေါ်ဝင်းသိင်္ဂီကျော်မှ ​ကျေးဇူးတင်စကားပြန်လည်​ပြောကြားခဲ့သည်။

ခင်စန်းမြင့် ခရိုင်ပြန်/ဆက်