နောင်တရား အောက်တိုဘာ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ စည်ပင်သာယာရေးဌာနမှ မြို့အင်္ဂါရပ်နှင့်အညီ မြို့တွင်းလမ်းများ ကောင်းမွန်ရေးအတွက် ကတ္တာရာလမ်းခင်းခြင်း၊ ကျောက်ချောလမ်းခင်းခြင်း တံတားဆောက်ခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဦးစားပေးအဆင့်သတ်မှတ်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ်တွင် နောင်တရားမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ သစ္စာလမ်း အရှည် ၄၄၀ ပေနှင့် ၂၅ ပေတံတားတစ်ဆင်း၊ ခတ္တာလမ်းအရှည် ၆၀၀ ပေနှင့် ၂၂ပေ တံတားတစ်ဆင်းတို့ကို စုစုပေါင်း (၁၀၄၀)ပေကို ကျောက်ရောလမ်းမှ ကတ္တာရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ “သစ္စာလမ်းကို နောင်တရားမြို့ အနီးကျေးရွာက ပြည်သူတွေ ဈေးလာရင် ဒီလမ်းကို အများဆုံးအသုံးပြုပါတယ် လမ်းဘေးရေနုတ်မြောင်း မရှိတော့ မိုးကြီးရင် ခင်းထားတဲ့ သဲကြမ်းတွေ မိုးရေနဲ့အတူပါတော့ ခဏဏ သဲကြမ်းခင်းရတယ် စည်ပင်သာယာရေးဌာနက ယခုလို ကတ္တာရာလမ်းအဖြစ်အဆင့်မြင့်တင် ဆောင်ရွက်ပေးတော့ ဝမ်းသာမိပါတယ်” ဟု သစ္စာလမ်း၌ နေထိုင်သည့် ပြည်သူတစ်ဦးကပြောသည်။
နောင်တရားမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ သစ္စာလမ်းကတ္တာရာခင်းခြင်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးသည့်အတွက် မြိုးတွင်းနေပြည်သူနှင့် ဈေးရောင်းဈေးဝယ် သည့် ပြည်သူများသွားလာ အသုံးနေပြုလျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)