မိုင်းနောင် အောက်တိုဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Center ခန်းမ၌ ၂၀၂၂ ခုနှစ် အောက်တိုဘာ လ ၉ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့ ညနေ(၄)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းနောင်မြို့စာတိုက်တာဝန်ခံ ဦးစိုင်းဘိုနီ က မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ စာပို့သမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်နိုင်ခဲ့သည့် အကြောင်းများ၊ နိုင်ငံခြားစာပို့ဌာန စတင်တည်ထောင်နိုင်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာ အမြန်စာပို့လုပ်ငန်း ဆောင်ရွက်နိုင်ခဲ့သည့် အကြောင်းများ၊ ယခုလက်ရှိစာတိုက်လုပ်ငန်း ဝန်ဆောင်မှုများနှင့် တံဆိပ်ခေါင်း၊ ပို့စကတ်အသုံးပြုပုံများကို ရှင်းလင်းဟောပြောပေးခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဒေါ်နန်းမီး၊ စာတိုက်တာဝန်ခံဦးစိုင်းဘိုနီနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကာ၊ ဟောပြောပွဲ တက်ရောက်လာသူများအား စာတိုက်တာဝန်ခံ ဦးစိုင်းဘိုနီက စာတိုက်ပို့စကတ်များအား အမှတ်တရလက်ဆောင် အဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။
မနန်း(မိုင်းနောင်)