ဇမ္ဗူသီရိ အောက်တိုဘာ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီက စာရေးဆရာ ဟန်ညွှန့်(ယဉ်ကျေးမှု) ရေးသားသည့် “ဦးကပ်စေးဟုခေါ်ကြသည်” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင် က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်နီလာစိုးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် နေပြည်တော်စာရေးဆရာများနှင့် စာရေးဆရာမများဖြစ်ကြသည့် ဦးကျော်ကျော် (ကျော်-နေပြည်တော်)၊ ဦးစောမျိုးအောင်(အိုင်ပီမျိုးအောင်)၊ ဦးစောဦး (ဈာန်_စွမ်းအင်)၊ ဦးမောင်မောင်တာ(သဘာဝ)၊ ဦးရန်နိုင်ကျော် (ခိုင်မင်း-နေပြည်တော်)၊ ဦးဟန်ညွှန့်(ဟန်ညွန့်-ယဉ်ကျေးမှု)၊ ဒေါ်ခင်ငြိမ်းအေး(မေချို-ပျဉ်းမနား)၊ ဦးဌေးအောင် (အောင်ဆွေထက်-ချွေးမြို့တော်)၊ ဒေါ်နှင်းနှင်းလွင်(လုံမငယ်-လူမှု)၊ ဦးဝင်းနိုင် (ရွှေလက်ပံ)နှင့် စာပေဝါသနာရှင်များက ဆောင်းပါးပါ အကြောင်းအရာများအား အသီးသီး ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ နေပြည်တော်စာပေဝိုင်းအဖွဲ့မှ စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များ စုစုပေါင်း (၁၉) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)