နေပြည်တော် အောက်တိုဘာ ၆
ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတဆင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးခြင်းကို ယနေ့မွန်းလွဲ(၁)နာရီတွင် ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသပြေခင်က ဆွေးနွေးပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာစိန်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသပြေခင်တို့က အဆိုးရွားဆုံးပုံစံနှင့်ခိုင်းစေခံရသည့် ကလေးအလုပ်သမားများဖယ်ရှားရေးနှင့်ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ဆောင်ရွက်မှုအခြေအနေများ၊ ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ ပြည်သူများသိသင့်သည့် အကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)