ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဒဂုံတောင်   အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက်(၉)နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းအား အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းတွင် ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမျှ ထိုးနှံခြင်းမရှိသေးသည့် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများ ၊သံဃာတော်များ၊ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များနှင့် ဒုတိယအကြိမ်ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား အခက်အခဲမရှိစေရေးစနစ်တကျ ပြင်ဆင်ဆောင်ရွက်ထားရှိပေးထားကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်၊ မြို့နယ်ကြက်ခြေနီအသင်းများနှင့် ပရဟိတအဖွဲ့များက ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသော ပြည်သူများအား လိုအပ်သည်များကို ကူညီဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)