မိုးညှင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

မိုးညှင်း အောက်တိုဘာ ၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင် ကာကွယ်ရေးအတွက် လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၈)နာရီက လူစည်ကားရာနေရာများတွင် တာဝန်ရှိသူများမှ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင် များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ ပူးပေါင်း၍ နားခါရပ်ကွက်၊ မြို့မစည်ပင် သာယာရေးစျေး ရှေ့နှင့် အောင်သပြေရပ်ကွက်ရှိ စုပေါင်းရုံးလမ်းရှေ့ လမ်းဆုံတို့တွင် နှာခေါင်းစည်း တပ်ဆင်သွားလာခြင်း မရှိသော ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ နှာခေါင်းစည်း တပ်ဆင်သွား လာကြရန် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်းများဖြန့်ဝေခြင်းကို အရှိန် အဟုန်မြှင့်တင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း