ကျိုင်းတုံမြို့၌ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကျင်းပ

ကျိုင်းတုံ အောက်တိုဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်သဝဏ်လွှာကိုဖတ်ကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ညိုညိုက ကုလသမ္မကလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏  အဖွဲ့ခေါင်းဆောင်များမှ ပေးပို့သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်စုပေါင်းသဝဏ်လွှာကို ဖတ်ကြားသည်။

ထို့နောက် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ကန်တော့ခံအသက်(၇၀)နှစ်နှင့်အထက် ဆရာကြီး၊ ဆရာမကြီး(၅၆)ဦးအား ကန်တော့ပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)